Friday, February 17, 2012

Jailbreak ဆိုတာ

Jailbreak ဆိုတာ Apple ကပြုလုပ်ထားတဲ့ iOS အသုံးပြုထားတဲ့ Devices တွေ .. ဥပမာ .. iPhone, iPad အစရှိ တာတွေရဲ့ ကန့်သတ်ချက်တွေကို ဖယ်ထုတ်ပေးတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ် .. iDevices တွေရဲ့ Internal Components တွေရဲ့ Root Access တွေကို ၀င်ရောက်နိုင်ဖို့အတွက် သီးခြား Kernel ကို iDevices ထဲ ကို Uploading ပြုလုပ်ပေးတဲ့ Process တစ်ခုဖြစ်ပါတယ် .. Components ဆိုတဲ့နေရာမှာ Operating System နဲ့ Hardware တွေပါဝင်ပါတယ် ...
 

iOS သုံးထားတဲ့ iDevices တွေကို Jailbreak ပြုလုပ်မှု အမျိုးအစား နှစ်မျိုးရှိပါတယ် ..

  • Tethered Jailbreaking - Tethered Jailbreak ပြုလုပ်မယ်ဆိုရင် iDevice သည် Computer သို့ Laptop နဲ့ ချိတ်ဆက်ထားရပါမယ် .. Power On သို့ Boot Up လုပ်ဖို့ဆိုရင်တော့ ကွန်ပျူတာ အထောက်အပံ့ ယူရ ပါတယ် ..
  • Untethered Jailbreak - Untethered Jailbreak ဆိုတာကတော့ iDevice တွေ Boot တက်ဖို့နဲ့ power on ဖို့ အတွက် ကွန်ပျူတာ ထောက်ပံ့မှု လိုအပ်မှု မရှိတဲ့ Jailbreak ပြုလုပ်နည်းဖြစ်ပါတယ် .. လက်ရှိအချိန်မှာတော့ Untethered Jailbreak ကိုသာ ပြုလုပ်ကြပါတယ် ..
ဒါပေမဲ့ Jailbreak ပြုလုပ်တယ်ဆိုတာ iOS အသုံးပြုထားတဲ့ iDevices တွေ, iPhone, iPad စတာတွေရဲ့ Warranty ကို ချိုးဖောက်ခြင်းဖြစ်ပါတယ် .. US လိုနိုင်ငံမျိုးမှာတော့ Digital Millenium Copyright ကြောင့် တရားစွဲခံနိုင်ရတဲ့ အထိ ဖြစ်ပါတယ် ..

လူတွေတော်တော်များများဟာ iPhone, iPad တွေ ၀ယ်ပြီးတော့ဘာကြောင့် Jailbreak ဆိုတာကို ပြုလုပ် ရလဲ ဆိုတော့ iOS မှာပါဝင်လာတဲ့ Features တွေကလွဲရင် တစ်ချို့ Features တွေကို အသုံးပြုလို့ မရပဲ Locked ဖြစ် နေတဲ့ အတွက် Features အသစ်တွေကို အသုံးပြုနိုင်ဖို့အတွက် Jailbreaking ဆိုတာကို ပြုလုပ်ရ တာဖြစ်ပါတယ် .. အောက်ပါ Features တွေက ၀ယ်ယူသူတွေ Jailbreak ပြုလုပ်ချင်တဲ့ အချက်တွေဖြစ်ပါလိမ့် မယ်...

  • Apple ရဲ့ App Store က ကန့်သတ်ချက်တွေကို ဖယ်ထုတ်ဖို့အတွက်ဖြစ်ပါတယ် ..
  • တားမြစ်ထားမှုတွေကို ဖယ်ထုတ်ဖို့အတွက်ဖြစ်ပါတယ် .. အဲဒါတွေကို ဖယ်ထုတ်ပြီး ကြိုက်နှစ်သက်ရာ icons တွေ, Application, Games နဲ့ ကိုယ်လိုချင်တဲ့ Fonts တွေကို ထည့်သွင်းနိုင်ဖို့ အတွက်ဖြစ်ပါတယ် .. Jailbreak ပြုလုပ်ထားမှသာ ကိုယ်ဈေးကြီးပေးဝယ်ထားရတဲ့ iPhone, iPad တွေကို စိတ်ကြိုက် အသုံး ပြုနိုင်မှာဖြစ်ပါတယ် ..
  • နောက်တစ်ချက်က Jailbreak ပြုလုပ်ထားမှသာ ကွဲပြားခြားနားတဲ့ Mobile Carriers တွေကို အသုံးပြု နိုင်မှာဖြစ်ပါတယ် .. ဥပမာ .. MPT သည် Mobile Carrier တစ်ခုဖြစ်ပါတယ် ..


WRITTEN BY MOHPHA

0 ဝေဖန်ချက်များ:

Post a Comment